အာဇာနည္ေန႔အေၾကာင္း တေစ့တေဆာင္း
ဒုိ့ ျမန္မာနိုင္ငံကို အဂၤလိပ္တို႔က
က်ဴးေက်ာ္စစ္ ၃ ႀကိမ္ဆင္ႏႊဲၿပီး သိမ္းယူခ့ဲၾကတယ္။
ပထမအႀကိမ္က ၁၈၂၄ ခုနွစ္ ျမန္မာေတြစစ္ရွံဳးတယ္၊
ရခိုင္နဲ႔ တနသၤာရီနယ္ေတြကိုအဂၤလိပ္ တို႔ကသိမ္းပိုက္ခ့ဲၾကတယ္။
ဒုတိယအႀကိမ္က ၁၈၅၂ ခုနွစ္ျမန္မာေတြပဲ
စစ္ရွံဳးခ့ဲလို႔ ေအာက္ျမန္မာျပည္ကို အဂၤလိပ္တို႔က သိမ္းပိုက္ခ့ဲၾကျပန္တယ္။
တတိယက်ဴးေက်ာ္စစ္ကိုေတာ့ ၁၈၈၅
ခုႏွစ္ နိုဝင္ဘာလမွာ ဆင္ႏႊဲခ့ဲၿပီး အဂၤလိပ္တို႔အနိုင္ရျပီး ျမန္မာတစ္နိုင္ငံလုံးကို
သိမ္းပိုက္လိုက္ပါေတာ့တယ္။
သူ႔ကြ်န္မခံလိုတ့ဲ ျမန္မာေတြဟာ
အမ်ဳိးသမီးေတြပါမက်န္ အဂၤလိပ္နယ္ခ်ဲ႕ကို ရရာလက္နက္နဲ႔ ျပန္လည္တိုက္ခိုက္ခ့ဲၾကေပမဲ့ စည္းလုံးညီညြတ္မွဳမရွိ၊
လက္နက္အင္အားကမမ်ွ၊ စတာေတြေၾကာင့္ လြတ္လပ္ေရး ဆုံးရွံဳးခ့ဲရတယ္။
ဒီလိုနဲ႔ လြတ္လပ္ေရးကို ျပန္လည္ရယူဖို႔
အသက္ကိုပင္ပဓာနမထားပဲ ျမန္မာတစ္မ်ဳ္ိးသားလုံးအတြက္ အသက္စြန္႔ခ့ဲရေသာ ေခါင္းေဆာင္ႀကီးမ်ားက်ဆုံးခ့ဲရတဲ့
ဇူလိုင္လ ၁၉ ရက္ေန႔ကို အာဇာနည္ေန႔အျဖစ္ သတ္မွတ္ခ့ဲတယ္။
အာဇာနည္ေန႔အျဖစ္ သတ္မွတ္ခ့ဲျပီးတဲ့ေနာက္မွာေတာ့
အာဇာနည္ေန႔အခမ္းအနားမ်ားကို ႏွစ္စဥ္က်င္းပလာခ့ဲတာ အခုဆိုရင္ ၇၁ နွစ္ေတာင္ ရွိလာခ့ဲျပီးျဖစ္တယ္။
ယခု ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔ဟာ ႏွစ္ ၇၁ ေျမာက္ အာဇာနည္ေန႔ ျဖစ္တယ္။
ျမန္မာနိုင္ငံ လြတ္လပ္ေရးအတြက္
၁၉၄၇ ခုနွစ္ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ဝန္ႀကီးမ်ားအစည္းအေဝးကို အတြင္းဝန္မ်ားရံုးမွာ
က်င္းပေနတဲ့အခ်ိန္ ဂဠဳန္ေစာ၏တပည့္မ်ားျဖစ္ၾကတဲ့ စိန္ႀကီး၊ ေမာင္စိုး၊ သက္နွင္း၊ ရန္ႀကီးေအာင္တို႔
ရုတ္တရက္အစည္းေဝးခန္းထဲ့ ေရာက္လာၿပီး အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားကို ပစ္သတ္ခ့ဲၾကတယ္။
ဝန္ႀကီးမ်ားျဖစ္ၾကတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊
သခင္ျမ၊ မန္းဘခိုင္၊ မိုင္းပြန္ေစာ္ဘြားႀကီးစပ္စံထြန္း၊ ဒီးဒုတ္ဦးဘခ်ဳိ၊ ဦးရာဇတ္
နွင့္ ဦးဘဝင္းတို႔က်ဆုံးသြားခ့ဲရတယ္။
ေခါင္းေဆာင္ႀကီးမ်ားနဲ့အတူ
အိုင္စီအက္စ္ ဦးအုန္းေမာင္ နဲ့ ဦးရာဇတ္ရဲ့ အပါးေတာ္ၿမဲ ကိုေထြးတို႔လည္း က်ဆုံးခ့ဲရတယ္။
အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား
က်ဆုံးခ်ိန္က နံနက္ ၁၀ နာရီ ၃၇ မိနစ္ျဖစ္တယ္။
အာဇာနည္ ေခါင္းေဆာင္ႀကီးေတြကုိ
လုပ္ႀကံမွဳသတင္းဟာ
ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားခ့ဲတာ ျမန္မာတစ္နိုင္ငံလုံး တုန္လွဳပ္ေခ်ာက္ခ်ား သြားခ့ဲၾကတယ္။
ေလာကဓာတ္တစ္ခုလုံး သည္းထန္စြာ ငိုေႂကြးျပီးေနသလုိ မိုးသီးမိုးေပါက္ေတြ အၿဖိဳင္ၿဖိဳင္က်ေနခဲ့တယ္။
လမ္းသြားလမ္းလာေတြလဲမရွိ၊ စိုရြႊဲေနေသာေလာကဓာတ္ၾကီးမွာ ျမင္ျမင္သမွ်ေတြလဲ ေသြ႕ေျခာက္ျပီး
ေနခဲ့ၾကတယ္။
ဒါဟာ ဒုိ႔ႏိုင္ငံရဲ႕လြတ္လပ္ေရးေခါင္းေဆာင္ႀကီးေတြကို
လုပ္ႀကံျခင္း ခံခ့ဲရတ့ဲ အာဇာနည္ေန႔အေၾကာင္း တေစ့တေဆာင္းဘဲ။
ကဲ ဒုိ့ ျမန္မာနုိင္ငံသားေတြ လြတ္လပ္ေရးကို အသက္ေပးရယူေပးခ့ဲတ့ဲ
အာဇာနည္ ေခါင္းေဆာင္ႀကီးေတြကို တေလးတစား အခုရွိေနတဲ့ေနရာကေန ဦးညြတ္ျပီး အေလးျပဳၾကရေအာင္။
ကုိးကား Reference: ပန္းခ်စ္သူ
ပညာေရး
၂၀၁၈ ခုနွစ္ ဇူလိုင္လ ၁၉ ရက္
အာဇာနည္ေန့ကုိ ဂုဏ္ျပဳေသာအားျဖင့္ ကုိးကားတည္းျဖတ္ ျပန္လည္ ေရးသားသည္။
ေလးစားစြာျဖင့္
နွင္းေမာင္
Unicode
အာဇာနည်နေ့အကြောင်း တစေ့တဆောင်း
ဒို့ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က
ကျူးကျော်စစ် ၃ ကြိမ်ဆင်နွှဲပြီး သိမ်းယူခဲ့ကြတယ်။
ပထမအကြိမ်က ၁၈၂၄ ခုနှစ် မြန်မာတွေစစ်ရှုံးတယ်၊
ရခိုင်နဲ့ တနင်္သာရီနယ်တွေကိုအင်္ဂလိပ် တို့ကသိမ်းပိုက်ခဲ့ကြတယ်။
ဒုတိယအကြိမ်က ၁၈၅၂ ခုနှစ်မြန်မာတွေပဲ
စစ်ရှုံးခဲ့လို့ အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့ကြပြန်တယ်။
တတိယကျူးကျော်စစ်ကိုတော့ ၁၈၈၅ ခုနှစ်
နိုဝင်ဘာလမှာ ဆင်နွှဲခဲ့ပြီး အင်္ဂလိပ်တို့အနိုင်ရပြီး မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်ပါတော့တယ်။
သူ့ကျွန်မခံလိုတဲ့ မြန်မာတွေဟာ အမျိုးသမီးတွေပါမကျန်
အင်္ဂလိပ်နယ်ချဲ့ကို ရရာလက်နက်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ကြပေမဲ့ စည်းလုံးညီညွတ်မှုမရှိ၊
လက်နက်အင်အားကမမျှ၊ စတာတွေကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်။
ဒီလိုနဲ့ လွတ်လပ်ရေးကို ပြန်လည်ရယူဖို့
အသက်ကိုပင်ပဓာနမထားပဲ မြန်မာတစ်မျိ်ုးသားလုံးအတွက် အသက်စွန့်ခဲ့ရသော ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရတဲ့
ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တယ်။
အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ပြီးတဲ့နောက်မှာတော့
အာဇာနည်နေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့တာ အခုဆိုရင် ၇၁ နှစ်တောင် ရှိလာခဲ့ပြီးဖြစ်တယ်။
ယခု ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဟာ နှစ် ၇၁ မြောက် အာဇာနည်နေ့ ဖြစ်တယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ၁၉၄၇
ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝန်ကြီးများအစည်းအဝေးကို အတွင်းဝန်များရုံးမှာ ကျင်းပနေတဲ့အချိန်
ဂဠုန်စော၏တပည့်များဖြစ်ကြတဲ့ စိန်ကြီး၊ မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်တို့ ရုတ်တရက်အစည်းဝေးခန်းထဲ့
ရောက်လာပြီး အာဇာနည်ခေါင်းဆောင်ကြီးများကို ပစ်သတ်ခဲ့ကြတယ်။
ဝန်ကြီးများဖြစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊
သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ် နှင့်
ဦးဘဝင်းတို့ကျဆုံးသွားခဲ့ရတယ်။
ခေါင်းဆောင်ကြီးများနဲ့အတူ အိုင်စီအက်စ်
ဦးအုန်းမောင် နဲ့ ဦးရာဇတ်ရဲ့ အပါးတော်မြဲ ကိုထွေးတို့လည်း ကျဆုံးခဲ့ရတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်က
နံနက် ၁၀ နာရီ ၃၇ မိနစ်ဖြစ်တယ်။
အာဇာနည် ခေါင်းဆောင်ကြီးတွေကို လုပ်ကြံမှုသတင်းဟာ
ချက်ချင်းပျံ့နှံ့သွားခဲ့တာ မြန်မာတစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချား သွားခဲ့ကြတယ်။
လောကဓာတ်တစ်ခုလုံး သည်းထန်စွာ ငိုကြွေးပြီးနေသလို မိုးသီးမိုးပေါက်တွေ အဖြိုင်ဖြိုင်ကျနေခဲ့တယ်။
လမ်းသွားလမ်းလာတွေလဲမရှိ၊ စိုရွွှဲနေသောလောကဓာတ်ကြီးမှာ မြင်မြင်သမျှတွေလဲ သွေ့ခြောက်ပြီး
နေခဲ့ကြတယ်။
ဒါဟာ ဒို့နိုင်ငံရဲ့လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေကို
လုပ်ကြံခြင်း ခံခဲ့ရတဲ့ အာဇာနည်နေ့အကြောင်း တစေ့တဆောင်းဘဲ။
ကဲ ဒို့ မြန်မာနိုင်ငံသားတွေ လွတ်လပ်ရေးကို
အသက်ပေးရယူပေးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို တလေးတစား အခုရှိနေတဲ့နေရာကနေ ဦးညွတ်ပြီး
အလေးပြုကြရအောင်။
ကိုးကား Reference: ပန်းချစ်သူ ပညာရေး
၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ကို
ဂုဏ်ပြုသောအားဖြင့် ကိုးကားတည်းဖြတ် ပြန်လည် ရေးသားသည်။
လေးစားစွာဖြင့်
နှင်းမောင်
No comments:
Post a Comment