စစ္အတြင္းကဗံုးဒဏ္ခံခဲ့ရေသာ
ရန္ကုန္တကၠသိုလ္
အုပ္ခ်ဳပ္ေရးနွင့္ စီမံခန့္ခြဲေရး
အေဆာက္အဦး (၁၉၄၅)
Rangoon University Administration
Building in 1945 after Second World war
ရန္ကုန္တကၠသိုလ္ (University of Rangoon)
“ရန္ကုန္ေကာလိပ္”
ကို ၁၈၇၈ မွာ University of Calcutta ကာလကတၲား
တကၠသိုလ္ လက္ေအာက္ခံအျဖစ္ စျပီး ဖြင့္လွစ္ခဲ့ပါတယ္။ ျဗိတသွ် ကိုလိုနီ-အုပ္ခ်ဳပ္ေရး
လက္ေအာက္ခံ (Education
Syndicate) ကေန အုပ္ခ်ဳပ္ခဲ့ပါတယ္။ ၁၉ဝ၄ မွာ “အစိုးရေကာလိပ္
(Government College)” လို႔၊ ၁၉၂ဝ မွာ “တကၠသိုလ္ေကာ္လိပ္
(University College)” လို႔၊ နာမယ္ ေျပာင္းခဲ့တယ္။ ၁၉၂ဝ မွာဘဲ တကၠသိုလ္ေကာ္လိပ္
နွင့္ ဂ်က္စင္ ေကာလိပ္ (Judson College) တို႔ကို ေပါင္းျပီးမွ “ရန္ကုန္တကၠသိုလ္ (Rangoon University)” ျဖစ္လာခဲ့တယ္။
ရန္ကုန္တကၠသိုလ္ဟာ ကေန႔အထိ
တကမာၻလံုးမွာ ထိပ္မွာ ဆက္ရွိေနၾကတဲ့ University
of Cambridge ကင္းဘရစ္ခ်္ တကၠသိုလ္ နဲ႔ University of Oxford
ေအာက္စ္ဖို႔ဒ္ တကၠသိုလ္ေတြ ပံုစံကို ယူခဲ့ျပီး ဖြင့္ခဲ့တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္လဲ ၁၉၄ဝ ကေန ၁၉၅ဝ ႏွစ္မ်ားအထိ အေရွ႕ေတာင္-အာရွမွာ ဂုဏ္ယူႏိုင္စရာ
(The most prestigious university in Southeast Asia)၊ အာရွထိပ္တန္း
စာရင္းဝင္တခု (One of the top universities in Asia) အျဖစ္ မွတ္တမ္းတင္ခံရပါတယ္။
၁၉၆၂ ကစျပီး ဗဟိုအစိုးရ လက္ေအာက္ခံ
(Directorate of
Higher Education) အထက္တန္းပညာ ဦးစီးဌာန လက္ေအာက္ခံ ျဖစ္လာခဲ့ပါတယ္။ အရင္က ပါေမာကၡေတြ၊ ပညာရွင္ေတြ၊ အစိုးရအရာရွိၾကီးေတြ ပါဝင္သည့္ ေကာင္စီကေန
ဦးစီးခဲ့တဲ့ အျဖစ္ကေန လံုးဝ ေျပာင္းလဲသြားရတာပါ။ တခ်ိန္ထဲမွာ (Medium of instruction)
စာသင္ၾကားေရး ဘာသာ စကားကိုလဲ အဂၤလိပ္စာကေန ျမန္မာစာအျဖစ္ ေျပာင္းလိုက္ပါေတာ့တယ္။
ပညာေရး အဆင့္အတန္း က်လာလို႔
ရန္ကုန္တကၠသိုလ္ ကေပးေနတဲ့ ဘြဲ႔၊ ဒီဂရီေတြကို အသိအမွတ္ျပဳမႈေတြလဲ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြက
ဆက္မလုပ္ေတာ့တာေတြ မ်ားလာခဲ့တယ္။
၁၉၆၄ ေနာက္ပိုင္းမွာ ေဆး၊ စီးပြါးေရး၊
ပညာေရး စတာေတြကို ခြဲထုတ္လိုက္ျပီး Rangoon
Arts and Sciences University (RASU) ရန္ကုန္ ဝိဇၨာႏွင့္ သိပၸံတကၠသိုလ္
လို႔ ေျပာင္းလိုက္ျပန္ပါတယ္။ (ရာဇူး) လို႔ အတိုေကာက္ ေခၚခဲ့ၾကတယ္။ တခ်ိန္ထဲ မႏၲေလးက
ဝိဇၨာႏွင့္ သိပၸံတကၠသိုလ္ကို Mandalay Arts and Sciences University (MASU)
(မာဇူး) လို႔ ေခၚခဲ့ၾကတယ္။ ေဘာလံုးပြဲ၊ အားကစားပြဲေတြမွာ ဒီလိုေခၚျပီး
အားေပးၾကရတာေပါ့။
၁၉၈၉ မွာ တႏိုင္ငံလံုး အေထြေထြ
နာမယ္ေျပာင္းပြဲၾကီးနဲ႔အတူ Yangon
University ျဖစ္လာျပန္ပါတယ္။ ၁၉၈၈-၁၉၉ဝ ပါတ္ဝန္းက်င္မွာ ရန္ကုန္တကၠသိုလ္
ကို မၾကာခဏ ပိတ္ထားခဲ့ရပါတယ္။ “၈၈၈၈ ထပ္မေပၚေစေရး စီမံခ်က္”
အရ ေက်ာင္းသားဦးေရ မ်ားတာကို နည္းေအာင္ လုပ္ေတာ့ ဒဂံု၊ ရန္ကုန္အေရွ႕ပိုင္း၊
ရန္ကုန္အေနာက္ပိုင္း စတဲ့ အသစ္ေတြ ခြဲထုတ္လိုက္ပါတယ္။ “ၾကီးတာကို
ေသးေအာင္၊ ေကာင္းေနတာကို အရည္အေသြးက်ေအာင္” ျဖစ္လာခဲ့ရ ျပန္ပါတယ္။
ရည္ရြယ္ရင္း ေအာင္ျမင္တယ္
ေျပာရမလား။ ၁၉၉၆ ေနာက္မွာ ေက်ာင္းသား ဆႏၵျပပြဲဆိုတာ ၾကီးၾကီးမားမား ျဖစ္မေလာေတာ့ပါ။
“အရည္အေသြးမွသည္
အေရအတြက္သို႔။” ၾကြားစရာ ရွားလို႔ ေက်ာင္းေတြ ေကာလိပ္ေတြ အမ်ားၾကီး
ဖြင့္ေပးတာကို ဂုဏ္ယူဘို႔ လူေတြကို ၾကြားေနခဲ့တယ္။
တည္းျဖတ္ နွင္းေမာင္
Respectfully full credit given to
သတင္းခ်စ္သူ- ေဝဟင္
Reference Link:
http://www.facebook.com/AP.NewsLover
Retrieved on 29/07/18
Unicode
စစ်အတွင်းကဗုံးဒဏ်ခံခဲ့ရသော ရန်ကုန်တက္ကသိုလ်
အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အဆောက်အဦး (၁၉၄၅)
Rangoon University Administration
Building in 1945 after Second World war
ရန်ကုန်တက္ကသိုလ် (University of Rangoon)
“ရန်ကုန်ကောလိပ်” ကို ၁၈၇၈ မှာ University of Calcutta ကာလကတ္တား တက္ကသိုလ်
လက်အောက်ခံအဖြစ် စပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဗြိတသျှ ကိုလိုနီ-အုပ်ချုပ်ရေး လက်အောက်ခံ
(Education Syndicate) ကနေ အုပ်ချုပ်ခဲ့ပါတယ်။ ၁၉ဝ၄ မှာ “အစိုးရကောလိပ် (Government College)” လို့၊ ၁၉၂ဝ မှာ
“တက္ကသိုလ်ကော်လိပ် (University College)” လို့၊ နာမယ် ပြောင်းခဲ့တယ်။ ၁၉၂ဝ မှာဘဲ တက္ကသိုလ်ကော်လိပ် နှင့် ဂျက်စင် ကောလိပ်
(Judson College) တို့ကို ပေါင်းပြီးမှ “ရန်ကုန်တက္ကသိုလ် (Rangoon University)” ဖြစ်လာခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ဟာ ကနေ့အထိ တကမ္ဘာလုံးမှာ
ထိပ်မှာ ဆက်ရှိနေကြတဲ့ University
of Cambridge ကင်းဘရစ်ချ် တက္ကသိုလ် နဲ့ University of
Oxford အောက်စ်ဖို့ဒ် တက္ကသိုလ်တွေ ပုံစံကို ယူခဲ့ပြီး ဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့်လဲ ၁၉၄ဝ ကနေ ၁၉၅ဝ နှစ်များအထိ အရှေ့တောင်-အာရှမှာ ဂုဏ်ယူနိုင်စရာ (The
most prestigious university in Southeast Asia)၊ အာရှထိပ်တန်း စာရင်းဝင်တခု
(One of the top universities in Asia) အဖြစ် မှတ်တမ်းတင်ခံရပါတယ်။
၁၉၆၂ ကစပြီး ဗဟိုအစိုးရ လက်အောက်ခံ
(Directorate of Higher
Education) အထက်တန်းပညာ ဦးစီးဌာန လက်အောက်ခံ ဖြစ်လာခဲ့ပါတယ်။ အရင်က ပါမောက္ခတွေ၊
ပညာရှင်တွေ၊ အစိုးရအရာရှိကြီးတွေ ပါဝင်သည့် ကောင်စီကနေ ဦးစီးခဲ့တဲ့ အဖြစ်ကနေ လုံးဝ
ပြောင်းလဲသွားရတာပါ။ တချိန်ထဲမှာ (Medium of instruction) စာသင်ကြားရေး
ဘာသာ စကားကိုလဲ အင်္ဂလိပ်စာကနေ မြန်မာစာအဖြစ် ပြောင်းလိုက်ပါတော့တယ်။
ပညာရေး အဆင့်အတန်း ကျလာလို့ ရန်ကုန်တက္ကသိုလ်
ကပေးနေတဲ့ ဘွဲ့၊ ဒီဂရီတွေကို အသိအမှတ်ပြုမှုတွေလဲ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဆက်မလုပ်တော့တာတွေ
များလာခဲ့တယ်။
၁၉၆၄ နောက်ပိုင်းမှာ ဆေး၊ စီးပွါးရေး၊
ပညာရေး စတာတွေကို ခွဲထုတ်လိုက်ပြီး Rangoon
Arts and Sciences University (RASU) ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်
လို့ ပြောင်းလိုက်ပြန်ပါတယ်။ (ရာဇူး) လို့ အတိုကောက် ခေါ်ခဲ့ကြတယ်။ တချိန်ထဲ မန္တလေးက
ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ကို Mandalay Arts and Sciences University
(MASU) (မာဇူး) လို့ ခေါ်ခဲ့ကြတယ်။ ဘောလုံးပွဲ၊ အားကစားပွဲတွေမှာ ဒီလိုခေါ်ပြီး
အားပေးကြရတာပေါ့။
၁၉၈၉ မှာ တနိုင်ငံလုံး အထွေထွေ နာမယ်ပြောင်းပွဲကြီးနဲ့အတူ
Yangon University ဖြစ်လာပြန်ပါတယ်။ ၁၉၈၈-၁၉၉ဝ ပါတ်ဝန်းကျင်မှာ ရန်ကုန်တက္ကသိုလ် ကို မကြာခဏ ပိတ်ထားခဲ့ရပါတယ်။
“၈၈၈၈ ထပ်မပေါ်စေရေး စီမံချက်” အရ ကျောင်းသားဦးရေ
များတာကို နည်းအောင် လုပ်တော့ ဒဂုံ၊ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်အနောက်ပိုင်း စတဲ့
အသစ်တွေ ခွဲထုတ်လိုက်ပါတယ်။ “ကြီးတာကို သေးအောင်၊ ကောင်းနေတာကို
အရည်အသွေးကျအောင်” ဖြစ်လာခဲ့ရ ပြန်ပါတယ်။
ရည်ရွယ်ရင်း အောင်မြင်တယ် ပြောရမလား။
၁၉၉၆ နောက်မှာ ကျောင်းသား ဆန္ဒပြပွဲဆိုတာ ကြီးကြီးမားမား ဖြစ်မလောတော့ပါ။ “အရည်အသွေးမှသည် အရေအတွက်သို့။”
ကြွားစရာ ရှားလို့ ကျောင်းတွေ ကောလိပ်တွေ အများကြီး ဖွင့်ပေးတာကို ဂုဏ်ယူဘို့
လူတွေကို ကြွားနေခဲ့တယ်။
တည်းဖြတ် နှင်းမောင်
Respectfully full credit given to သတင်းချစ်သူ- ဝေဟင်
Reference Link:
http://www.facebook.com/AP.NewsLover
Retrieved on 29/07/18